Friday, December 7, 2007

အမြင်မှန်နဲ့ လူ့တန်ဖိုး

သစ္စာရှိမှု မှန်သမျှ၊ မြင့်မြတ်မှု မှန်သမျှ၊ အမှန်တရား မှန်သမျှ၊ ဖြူစင်မှု မှန်သမျှ၊ ချစ်စရာ မှန်သမျှ၊ ချီးကျူးထိုက်တာ မှန်သမျှ၊ အကောင်း ဆုံး မှန်သမျှ၊ အားလုံးကို စဉ်းစားပါ။ တကယ်တော့ ဘ၀မှာ ရွေးချယ်စရာတွေ အများကြီးပါ။ တစ်ဘက်သားရဲ့ ကောင်းကွက်ကို ရွေး ချယ်နိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ တစ်ဘက်သားရဲ့ ကောင်းကွက်ကိုပဲ အာရုံဝင်စားနိုင်သလို စိတ်အနှောင့်အ ယှက်ဖြစ်စေတာများကိုလည်း မျက်စိဒေါက်ထောက် ကြည့်နေနိုင်ပါတယ်။ ဒါကြောင့် လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀ပေးလက်ဆောင်မွန် ပါရမီ၊ ပေးကမ်းစွန့်ကြဲမှု၊ ကောင်းတဲ့အလုပ် စသည်တို့ကို အသိအမှတ်ပြု ချီးမွမ်းနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ လူတစ်ဦးတစ်ယောက်ရဲ့ ကောင်းသော အရည်အချင်းတွေကို မျက်ကွယ်ပြုပြီး သူ့အပြစ်အနာအဆာများကိုသာပဲ ရွေးချယ်ကြည့်မြင်နိုင်ပါတယ်။
သင်ရွေးချယ်လိုက်တဲ့ တခြားလူတွေကိုကြည့်မြင်ပုံဟာ တကယ်တော့ သင့်တန်ဖိုးသင်ဖြတ်တဲ့သဘော အများကြီးဆောင်နေပါတယ်။

No comments: