
'မှားတတ်တာဟာလူ့သဘာဝဖြစ်တယ်။ခွင့်လွှတ်နိုင်ခြင်းကတော့ လက်ဆောင်မွန်တစ်ခုပေါ့။'လိုအပ်တဲ့အချိန်မှာ လိုအပ်တာကို ဘယ်သူမှမရနိုင်ကြတာ မဟုတ်ပါဘူး။ဆုံးရှုံးမှုကို လက်ခံဖို့ခက်ပေမယ့် တစ်ခါတစ်ရံမှာ အကောင်းဆုံး ကြိုးစားနေတဲ့ကြားက ကျွန်တော်တို့ ဆုံးရှုံးသွားကြပါတယ်။ဒီနေရာမှာ တစ်ခုကောင်းတာက ကျွန်တော်တို့အများစုဟာ အောင်မြင်မှုထဲကထက် ဆုံးရှုံးမှုထဲကသင်ခန်းစာတွေ ပိုယူတတ်ကြခြင်းပဲ။ဆုံးရှုံးဖူးတဲ့ အတွေ့အကြုံရှိလာရင် တစ်ဘက်သားကို ကိုယ်ချင်းစာတတ်လာတယ်၊ မျှဝေခံစားတတ်လာတယ်။ လူမှာ ရှိတတ်မြဲဖြစ်တဲ့ ပျော့ညံ့မှုကြောင့် အမှားတစ်ခုကို ကျူးလွန်မိတဲ့အခါ သင်ကခွင့်မလွှတ်ဘူးဆိုရင် သင့်ကိုယ်သင်ချစ်ဖို့ ညွှန်ကြားချက်ကို ဥပေက္ခာပြုလိုက်တာပဲဖြစ်တယ်။ တစ်ချိန်တည်းမှာ ပျော်ရွှင်မှုသို့သွားရာ သင့်ကိုယ်ပိုင် လမ်းကလေးကို ဖျက်ဆီးပစ်လိုက်တာလည်း ဖြစ်တယ်။ သင့်ကိုယ်သင် ခွင့်လွှတ်နိုင်မှုဟာ အကြီးမြတ်ဆုံး လက်ဆောင်မွန်ပါပဲ။
1 comment:
Post a Comment