Tuesday, January 1, 2008

"Happy New Year"

ကိုယ်တို့ရုံးမှာ New Year ပွဲလုပ်ပေးတယ်။ အစီအစဉ်ရှိပေမယ့် မဖြစ်တော့ဘူးလို့ ထင်ထားပြီးမှ ရုတ်တရက်လုပ်ဖြစ်သွားတာပါ။
စားချင်တာကို ဆိုင်ကနေမှာပေးပါတယ်။ ကြိုက်တာသောက်နိုင်တယ်။ကံစမ်းမဲအစီအစဉ်လည်း ပါတယ်။ သီချင်းဆိုတဲ့ အစီအစဉ်က တော့ပွဲစကတည်းက ဆိုချင်တဲ့သူ ဆိုနေတော့တာပဲ။ သီချင်းဆို၊ ဓာတ်ပုံရိုက်နဲ့ စားရင်း၊သောက်ရင်းနဲ့ ဖုန်းပြေးပြော၊ internetပြေးကြည့်နဲ့ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ အိပ်ပျော်သွားမှာစိုးလို့ စောစောစီးစီး ဖုန်းဆက်ပြီး New Year တဲ့သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတာတော့ အမှန်ပဲ။ အလေးထားပြီး အတူဆင်နွှဲပေးတဲ့ onlineက သူငယ်ချင်းတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ကံစမ်းမဲဖေါက်တော့ ပထမဆုံးမဲမှာပဲ အကြီးဆုံးအထူးဆု ပေါက်သွားခဲ့တယ်။ဆုကြီးအရင်ထွက်သွားတော့ စိတ်မကောင်းဖြစ်မိတယ်။ ပေါက်တဲ့သူက ကိုယ်မဟုတ်လို့။ ကိုယ်ကတော့ ကော်ဖီခွက်ပဲမဲပေါက်တယ်။ဒီလိုကံကောင်းတတ်တဲ့ ကိုယ်ပါ။
သူငယ်ချင်းသုံးယောက်နဲ့ ကံကြမ္မာတူပြီးပေါက်မဲတူနေလို့ ကံမကောင်းတာ ကိုယ်တစ်ယောက်ထဲတော့မဟုတ်ဘူးဆိုပြီး ကြံဖန်ဝမ်း
သာရသေးတယ်။ နှစ်သစ်မှာထူးခြားတဲ့ Duty စောင့်ကြရတယ်။computer တစ်လုံးမှာ gmail တွေစုဝင်ထားတာ။ ၀င်လာတဲ့နာမည်ကို
ကြည့်ပြီးသွားခေါ်ပေးရတယ်။ ဖုန်းတွေကတော့ တောက်လျှောက် ခေါ်ပေးနေရတာ။ နှစ်သစ်ကူးခါနီးအချိန်မှာ ထွေ/ဂျာရောက်လာတယ်။
မုန့်ဖိုးတွေပေးတယ်။ Happy New Year လို့အော်ရတာ အပျော်ဆုံးပဲ။သီချင်းဆိုကြတာပျော်စရာကြီး။ တစ်ယောက်တစ်ခွက်လဲဆိုရော မသိချင်ယောင်ဆောင်ပြီးပြေးတော့တာပဲ။ သူငယ်ချင်းတွေနဲ့ စကားပြောရင်းပုန်းနေတာပေါ့။ နှစ်သစ်ရဲ့အမှတ်တရအဖြစ်ဆုံးကတော့ ကံစမ်းမဲပေါက်တဲ့ ကော်ဖီခွက်လေး ဘယ်သူယူသွားမှန်း မသိတာပါပဲ။ ပြီးတော့ စကားပြောဖို့ Headphone လုရတာကတစ်မျိုး။ ရယ်ရတယ်။ မနက်လေးနာရီအထိ မအိပ်ချင်တိုင်း လျှောက်ပြောသမျှ သည်းခံနားထောင်ပေးတဲ့ အဝေးတစ်မြေက သူငယ်ချင်းကိုလည်းကျေးဇူးတင်တာ တကယ်ပါ။ ဆယ့်နှစ်နာရီမှာ Happy New Year လို့ အချိန်မီပြောပေးဖို့ သည်းခံစောင့်ပြီး ဖုန်းဆက်ပေးတဲ့ အဝေးရောက် သူငယ်ချင်းကိုလည်း ကျေးဇူးပါပဲ။ ပျော်စရာနှစ်သစ်ပါ သူငယ်ချင်းတို့။ မပျော်တာတွေကို နှစ်ဟောင်းမှာပဲ ချန်ထားခဲ့ရအောင်။ နောက်ထပ်ကြုံလာမယ့် လောကအကြောင်းတွေသင်ယူရင်း၊ ဘ၀ကိုရင်ဆိုင်ရင်း ငိုချင်စရာတွေကြုံလာရင် ပျော်စရာကောင်းတဲ့ အချိန်လည်း ရှိလာဦးမယ်လို့တွေးရင်း ဆက်လျှောက်ကြရအောင်။ လူသားဆန်တဲ့ နှလုံး သားတွေနဲ့ အားပေးရင်း ရှေ့ဆက်ကြမယ်။ လိမ်ညာဖို့စိတ်ကူးရင် နောက်လှည့်ပြန်လို့ပြောချင်တယ်။ အားလုံးသောသူငယ်ချင်းများ အတွက် မင်္ဂလာရှိသောနှစ်သစ်ပါ။

1 comment:

‌ဇေယျ said...

မတွေ့တာကြာပေါ့...