Wednesday, November 14, 2007

ကျိုက်ထီးရိုးခရီးတစ်ခေါက်


(၈.၁၁.၀၇) နေ့က ဌာနကစီစဉ်ပေးတာကြောင့် ကျိုက်ထီးရိုးကို ခရီးထွက်ခဲ့ကြတယ်။ အလုပ်အတူဝင် တဲ့သူငယ်ချင်းတွေနဲ့ အတူတူသွားရတော့ ပျော်တာပေါ့။ပတ်ဝန်းကျင်အပြောင်းအလဲကြောင့် စိတ်လဲလန်းဆန်းလာတယ်။အမှတ်တရတွေကတော့ အများကြီးပေါ့။ဘုရားရင်ပြင်တော်ရောက်လို့ ကားပေါ်ကဆင်းဆင်းချင်းမှာပဲ တစ်ယောက်ကတောင်အောက်ကကားပေါ်မှာ အိတ်ကျန်နေခဲ့တယ်။အခန်းငယ်လေးထဲမှာ သူငယ်ချင်းတွေမခွဲချင်လို့ ကျဉ်းကျဉ်းကျပ်ကျပ်အိပ်ခဲ့ကြတယ်။လှုပ်လို့တောင်မရပေမယ့် စကားတွေပြောရင်း ပျော်နေခဲ့ကြတယ်။ရေတံခွန်ဆင်းတော့ လမ်းအရမ်းကြမ်းတယ်။ရေတံခွန်ရောက်တော့ အ၀တ်တွေစိုမှာစိုးလို့ ရေထဲမဆင်းကြဘူး။ပြန်အတက်ကျတော့ ဘုန်းကြီးကျောင်းမှာသက်သက်လွတ်ဟင်းနဲ့ ထမင်းစားခဲ့ကြတယ်။မျှစ်ချဉ်ချဉ်ရည်ဟင်းနဲ့ စားရပေမယ့် အရမ်းစားကောင်းတယ်။ပင်ပန်းတာတော့ အရမ်းပဲ။ညမှာဆီမီးအတူတူ လှူခဲ့ကြတယ်။ဆည်းလည်းပါ လှူတယ်။အပြန်ရထားပေါ်မှာ သီချင်းတွေဆိုခဲ့ကြတယ်။သူငယ်ချင်းတွေမခွဲရသေးခင် အတူတူသွားခဲ့ရတာ အမှတ်တရပါပဲ။ဆုံတာမကြာလိုက်ပေမယ့် အရိုးခံစိတ်နဲ့ခင်တတ်ကြသူတွေမို့ သူငယ်ချင်းအရင်းတွေလိုပါပဲ။သူငယ်ချင်းအားလုံးအတွက်.................။

No comments: