Thursday, November 29, 2007

စမတောင်သို့တစ်ခေါက်


ဒီနေရာလေးဟာ နေပြည်တော်ရဲ့ထင်ရှားတဲ့နေရာတစ်ခုပါ။တောတောင်သဘာဝနဲ့ အေးချမ်းတဲ့နေရာလေးပါ။ထူးခြားချက်ကတော့ ဒီတောင်မှာရှိတဲ့ တစ်ချို့သစ်ရွက်တွေမှာ စဓဗ၀ပုံပေါ်တတ်တာပါပဲ။ထိုက်တန်သူမှရတယ်လို့ ဆိုကြပါတယ်။နောက်တစ်ချက်ကတော့ ဘုရားမှာနေ့ခင်းဘက် ဆီမီးမပူဇော်ရတာပါပဲ။ရှိပြီးသားအလင်းရောင်ကို ထပ်ဖြည့်လို့ဘာမှမထူးဘူးလို့ ပြောကြပါတယ်။လိုအပ်တဲ့အချိန်မှသာ ပူဇော်ခိုင်းပါတယ်။တရားရှာနေသူတွေအတွက် အေးအေးချမ်းချမ်းနဲ့တရားအလုပ် ကောင်းကောင်းလုပ်နိုင်မယ့်နေရာလေးပါ။လှေကားထစ်ကဆင်းပြီးလို့ ချောင်းကလေးကိုဖြတ်ပြီးရင် စမတောင်ဆရာတော်ကြီးသီတင်းသုံးရာ ကျောင်းကိုရောက်ရှိမှာဖြစ်ပါတယ်။တစ်ခေါက်တစ်ခါတော့ အရောက်လာဖို့ဖိတ်ခေါ်ရင်း..........။

No comments: