Saturday, November 24, 2007

အိမ်အလွမ်း



လူတိုင်းအိမ်နဲ့ခဏတော့ ခွဲဖူးကြပါလိမ့်မယ်။အပျော်ခရီးထွက်တဲ့အခါမှာတော့ အိမ်ကိုသတိမရတတ်ကြပေမယ့် တကယ်ခွဲရတဲ့အခါ အနည်းနဲ့အများဝမ်းနည်းတတ်ကြတာပါပဲ။ဒီအချိန်ထိအ အိမ်နဲ့မခွဲဖူးတဲ့သူအတွက်ကတော့ ကမ္ဘာ့အပြင်ရောက်သွားသလိုပဲ။ပိုတယ်လို့ ပြောရင်လဲခံရမှာပဲ။အိမ်ကိုပြန်ချင်တဲ့စိတ်ကိုထိန်းမရတိုင်း ငိုခဲ့ရတဲ့နေ့တွေ မနည်းတော့ဘူး။ဘာနဲ့ဖြေသိမ့်လို့မရခဲ့ဘူး။ဒီအရွယ်အထိ အမေနဲ့အတူတူအိပ်ခဲ့သူဆိုတော့ ပိုဆိုးတာပေါ့။ကျောင်းပိတ်တိုင်း အမေ့နောက်တကောက်ကောက်လိုက်ခဲ့တာ။အမေနဲ့ သွားအတူ၊စားအတူပေါ့။ကြိုးစားသမျှဟာ အမေ့အတွက်ပါပဲ။စိတ်ညစ်လည်း အမေ့ကိုတွေးလိုက်တိုင်း သည်းခံနိုင်ခဲ့တယ်။အရှုံးမပေးပါဘူး။အ မေ့ရဲ့ယုံကြည်မှု၊မျှော်လင့်ချက်တွေအတွက် ဘ၀ကိုကြိုးစားတည်ဆောက်နေမှာပါ။အိမ်ပြန်ချင်လည်း......................။

No comments: